ဘ၀နဲ့ပတ်သက်ပြီး ဟောဒီလို ဆင်ခြင်စဉ်းစားကြည့်လိုက်တော့
… နေ့ရက်တိုင်းမှာ ကောင်းမှုကုသိုလ်များသည်သာ လှူ ဒါန်းနိုင်ရလိုသူ ဖြစ်ရလိုပါ၏ …
••••• ✴လိုနေတုန်းပဲ✴ •••••
ဘ၀နဲ့ပတ်သက်ပြီး ဟောဒီလို ဆင်ခြင်စဉ်းစားကြည့်လိုက်တော့
ဘာမှတွယ်တာချင်စရာ မရှိဘူး၊ အားလုံးထားပြီးသွားရမယ်။
ကဲ - ကောင်းပြီ၊ ထားသွားရမယ်ဆိုတော့ လူတွေရဲ့လိုချင်လောဘဟာ
ပြည့်သွားလားဆိုတော့ ပြည့်မသွားဘူး။
“ ဦနော လောကော
အတိတ္တော တဏှာဒါသော”
လောကော - လောကကြီးဟာ၊
ဦးနော - အမြဲတမ်းလိုလျက်၊ ဟာလျက်သာ ရှိနေပါပေတော့၏။
ကားတစ်စီးရှိရင် နောက်တစ်စီးရှိဦးမှ၊
စျေး၀ယ်သွားတဲ့အခါ ဒါလေးနဲ့ အဆင်ပြေတယ်။
ဘုရားသွား ကျောင်းတက်စီးဖို့က ဒါလေးနဲ့မှi
နောက်တစ်စီးရှိဦးမှ၊ နောက်တစ်စီးဆိုတော့ လုံလောက်ပြီးလား၊
ဟော - မလုံလောက်သေးဘူး၊
နောက်တစ်စီးတော့ရှိထားဦးမှ၊ ဒါလေးက သားအတွက်၊
ဒါလေးက သမီးအတွက်၊ ဒီ့ပြင် ခိုင်းတဲ့လူတွေအတွက်က တစ်စီး၊
တစ်စီးပြီးတစ်စီး ပြီးတယ်ကိုမရှိတော့ဘူး။
နေစရာ အိမ်ကရော ပြီးရဲ့လား၊ အိမ်လေးတစ်လုံးရှိရင် မပြီးသေးဘူး၊
နောက်တစ်လုံးရချင်သေးတာ၊ ဟော ရန်ကုန်မှာ အိမ်တစ်လုံးဆိုရင်
နွေရာသီနေဖို့ ပြင်ဦးလွင်မြို့မှာ အိမ်တစ်လုံးနေဦးမှာပဲ၊
ဟို - သံတောင်ဘက်မှာ အိမ်တစ်လုံးလိုဦးမှာပဲ၊
ဟော - လေညှင်းခံဖို့ ငပလီမှာ တစ်လုံးလိုဦးမှာပဲ၊
ဘယ်တော့မှ မဆုံးဘူး။
ဒါရည်ရွယ်ပြီး မြတ်စွာဘုရားက
“ လောကော - လောကကြီးသည် ၊
ဦနော - အမြဲတမ်းလိုလျက် ဟာလျက်သာရှိနေပါပေတော့၏” လို့
ဟောတာဖြစ်တယ်။
ဘယ်သူမှ “ အေး - လုံလောက်ပြီ၊ ငါမရှာတော့ဘူး လို့” ဆိုတာမရှိဘူး။
ရှိတောင် အင်မတန်မှရှားတယ်၊
ရမယ်ဆိုရင် ယူဦးမှာပဲ။
အတိတ္တော - ဘယ်အခါမှ တင်းတိမ်ရောင့်ရဲသွားတာ မရှိပါဘူးတဲ့။
တင်းတိမ်မှု Contentment ဆိုတာမရှိဘူး။
ဘယ်ဟာမှ ကျေနပ်ပြီး ရောင့်ရဲသွားတယ်လို့မရှိဘူး၊
အမြဲတမ်းလိုနေဦးမှာပဲ။
သိန်းတစ်ရာရှိတဲ့ လူကလည်း လိုနေသေးတယ်၊
မလောက်သေးဘူး၊
သိန်းတစ်ထောင်ရှိမှ၊ သိန်းတစ်ထောင်ရှိလည်း နည်းသေးတယ်၊
မလောက်သေးဘူး ရှာဦးမှာပဲ။
ကုမ္ပဏီကလည်း တစ်ခုဖွင့်ရင် မရသေးဘူး။
နောက်ကုမ္ပဏီ တစ်ခုထပ်ဖွင့်ရမယ်။
လေယာဉ်ပျံတောင် တစ်စင်းပြီးရင် နှစ်စင်း၊
နှစ်စင်းပြီးရင် သုံးစင်းရှိနေရဦးမှာပဲလေ။
အဲဒီလို အမြဲတမ်း လိုနေမှာပဲ၊
ဒါ လူ့ရဲ့သဘာ၀ကိုပြောတာ။
ဘုန်းကြီးတို့ ငယ်ငယ်တုန်းက စစ်ကိုင်းတောင်မှာ
တရားဟောနာမည်ကြီးတဲ့ ဝိဇ္ဇောဒယဆရာတော်ကြီး ဆိုတာရှိတယ်၊
အဲ့ဒီဆရာတော်ကြီး ဟောတဲ့ထဲမှာ လူတွေဟာမတင်းတိမ်နိုင်ဘူး၊
အမြဲတမ်းလိုနေတယ် ဆိုတာနဲ့ ပတ်သက်ပြီး
လောဘရဲ့ အတောမသတ်နိုင်ပုံကို ဆရာတော်ကြီးက
ပုံ၀တ္ထုလေးတစ်ခုနဲ့ ဟောထားတာ ရှိတယ်။
“ တစ်ခါတုန်းက လက်ညိုးထိုးမလွဲအောင် မြေတွေကို ချမ်းသာလှတဲ့
မြေပိုင်ရှင်သူဌေးတစ်ဦးက သူ့ရဲ့ အလုပ်သမားတစ်ယောက်ကို
‘ ကဲ - မင်း ငါ့ရဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်တယ်၊
မင်းကို ငါပိုင်တဲ့မြေတွေ ခွဲပေးမယ်၊ မင်းကြိုက်သလောက်ယူ၊
ဒီကနေ မင်းပြေး၊ မင်းရပ်ချင်တဲ့ နေရာရောက်မှရပ်’ လို့ ပြောတယ် ဟုတ်ရဲ့လား။
အဲ့ဒီလူက သဘောကျတာပေါ့၊ မြေတွေ ဧကပေါင်းများစွာ သူရမှာကိုး။
သူဌေးကြီးပြောထားတဲ့အတိုင်း သူလိုချင်တဲ့မြေရဖို့ ပြေးလိုက်တာ၊
ပြေးရင်းနောက်ပြန်လှည့်ကြည့် တယ်၊
နည်းသေးတယ်ထင်လို့ ထပ်ပြေး၊ လှည့်ကြည့်လိုက် နည်းသေးတယ်ဆိုပြီး
ပြေးလိုက်၊ ထပ်ပြေးရင်း ပြေးရင်းနဲ့ နောက်ဆုံးမှာ အမောဆို့ပြီး
လဲကျသွားတယ်။ လဲကျသွားပြီး သေဆုံးသွားပါလေရော။
သူဌေးကြီးက စိတ်မကောင်းစွာ ခေါင်းလေးတစ်ညိတ်ညိတ်နဲ့
ဘာပြောတုန်းဆိုတော့ ‘ငါကတော့ မင်းလိုချင်သလောက် ပေးမလို့ပါပဲ။
မင်းကတော့ ၆-ပေလောက်နဲ့ပဲ တန်တာကိုး’ ဆိုပြီးတော့
၆-ပေတွင်းလေးတူးပြီးတော့ မြှုပ်လိုက် သတဲ့။”
အဲ့သလို လူ့လောဘဟာဘယ်လောက်ပဲရှိရှိ နောက်ဆုံး
၆-ပေတွင်းထဲပဲ သွားမှာမဟုတ်လား။ မြေကြီးထဲ မြှုပ်ရင်ပါ့လေ။
အခုခေတ်တော့ မီးသဂြိုလ်စက်ထဲ ထည့်လိုက်တာမျိုးဖြစ်နေပြီပေါ့နော်။
ပြောမယ်ဆိုရင်တော့ သေတ္တာရှည်ကြီးထဲ ၀င်သွားရတာပေါ့။
တကယ်စဉ်းစားကြည့်ရင် ခုခေတ်မှာ နေတော့လည်းပဲ
သေတ္တာအိမ်ကြီးတွေထဲမှာ နေကြတာ။
အိမ်ပေါ်ကဆင်းတော့လည်း သေတ္တာကြီးနဲ့ပဲ ဆင်းသွားတာ၊
ဟိုရောက်တော့လည်း သေတ္တာကြီးထဲမှာ အိပ်ပြီးတော့ သေတ္တာကြီးနဲ့ပဲ
မီးလောင်ခံရတာပဲလေ၊
သြော် - ဘ၀ဆိုတာ ဒီလိုပါပဲ။
အေး - လူတွေမှာ ဆန္ဒပြည့်တယ်ဆိုတာ မရှိဘူးတဲ့။
ဒါကြောင့်မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက
“ ဦနော လောကော အတိတ္တော တဏှာဒါသော၊ လောကော -
လောကကြီးဟာ၊ ဦးနော - အမြဲတမ်းလိုလျက်၊ ဟာလျက်သာ ရှိပါပေတော့၏။
အာတိတ္တော - မည်သည့်အခါမှ ကျေနပ်ခြင်း ရောင့်ရဲတင်းတိမ်ခြင်းမရှိပါဘဲ၊
တဏှာဒါသော - တဏှာရဲ့ကျေးကျွန်သာဖြစ်ပါပေတော့၏။
ဣတိ - ဤသို့ ဘဂဝါ - ရွှေဘုန်းတော်သခင် ရှင်တော်မြတ်ဘုရားသည်
၊ အဝေါစ - ကောင်းစွာမသွေ ဟောကြားတော်မူခဲ့ပါပေသတည်း။”
[ ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ကြီး ]
ဟောကြားတော်မူသော "ဘဝအသွင်ကိုဓမ္မအမြင်ဖြင့်ရှုကြည့်ခြင်း"
တရားဒေသနာမှ
#AshinNandamalabhivamsa
www.drnandamalabhivamsa.com.mm
ထပ်ဆင့် ကုသိုလ်ပြု ပါသည်။
ကျန်းမာချမ်းသာပါပြီ မြတ်ဗုဒ္ဓ၏ လမ်းပြညွန်းကြား ချက်များကို လိုနာကျင့်သုံး နိုင်သော သူတော်ကောင်းများဖြစ်ကြပါစေ။
Credit#
မေတ္တာ စမ်းရေ အေးမြပါစေ …
ကိုအောင်အောင်ဦး …
မနန်းမြတ်မင်းရွှေသာ …
ခတ်ေတ - Malaysia … ။

Comments
Post a Comment