Posts

ဘ၀နဲ့ပတ်သက်ပြီး ဟောဒီလို ဆင်ခြင်စဉ်းစားကြည့်လိုက်တော့

… နေ့ရက်တိုင်းမှာ ကောင်းမှုကုသိုလ်များသည်သာ လှူ ဒါန်းနိုင်ရလိုသူ ဖြစ်ရလိုပါ၏ … ••••• ✴လိုနေတုန်းပဲ✴ ••••• ဘ၀နဲ့ပတ်သက်ပြီး ဟောဒီလို ဆင်ခြင်စဉ်းစားကြည့်လိုက်တော့ ဘာမှတွယ်တာချင်စရာ မရှိဘူး၊ အားလုံးထားပြီးသွားရမယ်။ ကဲ - ကောင်းပြီ၊ ထားသွားရမယ်ဆိုတော့ လူတွေရဲ့လိုချင်လောဘဟာ  ပြည့်သွားလားဆိုတော့ ပြည့်မသွားဘူး။  “ ဦနော လောကော အတိတ္တော တဏှာဒါသော” လောကော - လောကကြီးဟာ၊ ဦးနော - အမြဲတမ်းလိုလျက်၊ ဟာလျက်သာ ရှိနေပါပေတော့၏။ ကားတစ်စီးရှိရင် နောက်တစ်စီးရှိဦးမှ၊ စျေး၀ယ်သွားတဲ့အခါ ဒါလေးနဲ့ အဆင်ပြေတယ်။ ဘုရားသွား ကျောင်းတက်စီးဖို့က ဒါလေးနဲ့မှi နောက်တစ်စီးရှိဦးမှ၊ နောက်တစ်စီးဆိုတော့ လုံလောက်ပြီးလား၊ ဟော - မလုံလောက်သေးဘူး၊  နောက်တစ်စီးတော့ရှိထားဦးမှ၊ ဒါလေးက သားအတွက်၊  ဒါလေးက သမီးအတွက်၊ ဒီ့ပြင် ခိုင်းတဲ့လူတွေအတွက်က တစ်စီး၊  တစ်စီးပြီးတစ်စီး ပြီးတယ်ကိုမရှိတော့ဘူး။ နေစရာ အိမ်ကရော ပြီးရဲ့လား၊ အိမ်လေးတစ်လုံးရှိရင် မပြီးသေးဘူး၊  နောက်တစ်လုံးရချင်သေးတာ၊ ဟော ရန်ကုန်မှာ အိမ်တစ်လုံးဆိုရင်  နွေရာသီနေဖို့ ပြင်ဦးလွင်မြို့မှာ အိမ်တစ်လုံးနေဦးမှာပဲ၊ ဟို - သံတောင်ဘက်...